Torrent အသုံးပြုနည်း
ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကိုTorrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့
ချလို့ရမဲ့နည်းလမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။Torrnetဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိကြမယ်လို့ထင်ပါမယ်..။
အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာ
လို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို Torrent ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update
ကိုမရရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်။
ဒီလို Torrentဆိုဒ်တွေကိုတော့ကွန်ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူးသုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံး
တက်သွားပါလိမ့်မယ်..ကျွန်တော် Torrentဆိုဒ်တွေကိုရောက်ရင်
Softwareတစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေကြည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာ
ကိုရှင်းပြပေးသွားပါမယ်..။
1.ကျွန်တော် http://www.kat.ph/ ကိုမှာ Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာတစ်ခုထားပြီးရှင်းပြပေးသွားပါမယ်...။အ၇င်ဆုံး http://www.kat.ph/ ကိုသွားလိုက်ပါ..။
2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် InternetDownload Manager လို့မရိုက်ပဲဘာလို့ IDM လို့ရိုက်ရှာသလဲဆိုတော့ Torrent ဆိုဒ်တွေမှာရှာတဲ့အခါမိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ
လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း IDM နဲ့ဆိုင်တဲ့ Software တွေ Version အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလ်မျိုးကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။
1.အရင်ဆုံး တစ် အချက်မှာ Software ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 monthsလို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့ Software ကUpdate ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီ
ဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။
2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ်
ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်
ပါတယ်..။
3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ
များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..
4.နောက်ဆုံးတစ်ချက်ကတော့ Software တွေကိုဒေါင်းလော့မချခင် Comment တွေကိုဖတ်ကြည့်ပါ..။အများကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ perfect ၊ working fine!very goodတိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင်မပြေတာတို့ Virus လို့ပြောတာတို့ It Is not workingတို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအကောင်းဆုံးပါပဲ..။အဲ့ဒီလို Comment ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။
5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်တော့ Download Torrent ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent
Downloader ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ
မဟုတ်ပါဘူး..။ဘယ် Torrent ဆိုဒ်မဆို Download Torrent ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေးတွေနဲ့လဲပြထားပေးပါမယ်..။

ဒီလောက်ဆိုရင်တော့ Torrent ဆိုဒ်တွေကနေပြီးတော့မိမိတို့ဒေါင်းလော့ချချင်တဲ့ Software တွေကိုအလွယ်တကူဒေါင်းလော့ချချင်သူတွေအတွက်အထောက်အကူရသွားမယ်
လို့တော့ထင်ပါတယ်..။အောက်မှာကျွန်တော်အလွယ်တကူအသုံးပြုလို့ရအောင် Utorrent Downloader လေးနဲ့ Torrent ဆိုဒ်တွေတင်ပေးထားပါတယ်...။
ကိုယ်တိုင်ရေးဖို့ အချိန်မရှိသဖြင့်
http://soesoediary.blogspot.com/2012/03/torrent.html မှ ပြန်လည်မျှဝေလိုက်သည်။
ကျွန်တော်ကထပ်ဆင့်
www.aungkyaw.com
မှပြန်လည်မျှဝေလိုက်သည်။ :P
Torrent ကိုလေ့လာကြမယ်
တလောက ကိုအောင်ကျော်က Torrent
အသုံးပြုနည်းကို ရေးသားခဲ့ပါတယ်။ Torrent သုံးတဲ့အခါမှာ torrent file
တွေဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျနော်နည်းနည်း ရေးပြချင်ပါတယ်။ ကဲ ကျနော်တို့
Torrent file တွေဘယ်လိုပြုမူလဲဆိုတာကို မစဉ်းစားခင် download type
၂မျိုးကို အရင်ရှင်းပြချင်ပါတယ်။ ပထမတစ်မျိုးက ကိုယ်တင်ချင်တဲ့ ဖိုင်ကို
server တစ်ခုမှာတင် ပြီးရင် အသုံးပြုချင်တဲ့သူတွေက ၀ိုင်းပြီး download
ဆွဲကြ။ အဲဒါကို direct downloading လို့ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အခုပြောပြမယ့် indirect downloading
တနည်းအားဖြင့် torrent သုံးပြီးဒေါင်းလုပ်ဆွဲခြင်းဖြစ်ပါတယ်။ ပထမနည်းက
ရှင်းပါတယ်။ server ပေါ်တင် ဒေါင်းလုပ်ဆွဲ။ ဒါပေမယ့် ပြဿနာတစ်ခုပေါ်လာပါပြီ။
အကယ်၍ ကျနော်တို့တွေ 10 GB လောက်ရှိတဲ့
ဖိုင်ကြီးတွေဆိုဘယ်လိုလုပ်ဒေါင်းလုပ်ဆွဲကြမလဲ။ Host လုပ်တဲ့သူဖက်က
အဆင်မပြေသလို ဒေါင်းလုပ်ဆွဲတဲ့သူတွေလဲ မသက်သာပါဘူး။ ဥပမာ ကျနော်က Battlefield 3
လို 11.5 Gb လောက်ရှိတဲ့ဂိမ်းတစ်ခုကိုတင်လိုက်ပြီ။ တစ်ချိန်တည်းမှာ
ဝိုင်းဒေါင်းကြပြီဆိုရင် download speed က
ပိုနှေးသည်ထက်နှေးလာမှာဖြစ်ပါတယ်။ အဲ..နောက်ဆုံးမနိုင်တဲ့အခါကျရင် server
လဲ crash ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် file size ကြီးတာတွေဒေါင်းချင်ရင်
direct download ကအဆင်မပြေတာသေချာပါပြီ။ ဒါပေမယ့် ကျနော့သူငယ်ချင်းတွေ
ဘယ်လောက် စိတ်ရှည်နိုင်လဲ စမ်းသပ်လို့ရပါတယ်။ :D
ကဲ torrent downloading ကိုလေ့လာရအောင်ဗျာ။ Torrent downloading
ဟာ ဒေါင်းလုပ်ဆွဲတဲ့သူအရေအတွက်ပြဿနာနဲ့ file size
ကြီးတဲ့ပြဿနာကိုဖြေရှင်းပေးဖို့ တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမှာကျတော့
ဒေါင်းလုပ်ဆွဲသူဦးရေ များလာလေလေ ကျနော်တို့စက်က download speed
လဲတက်လေပဲဖြစ်ပါတယ်။ ဘယ်လိုထင်ပါသလဲ သူငယ်ချင်းတို့..... ဟာ
ဒီကောင်ငါ့ကိုလာနောက်နေပြန်ပြီ လို့တွေးနေကောင်းတွေးနေပါလိမ့်မယ်။
ဖြေရှင်းပုံက ဒီလိုပါ။ direct downloading မှာ source ကတစ်ခုထဲဖြစ်ပါတယ်။
အဲဒါအပြင်ကျန်တာတွေက downloader တွေချည်းပဲ။ အဲဒါကြောင့် download
လုပ်သူများလေ speed နှေးလေပါ။ Torrent မှာတော့ ကျနော်တို့က တစ်ချိန်ထဲမှာ downloader ဖြစ်သလို source
လဲဖြစ်ပါတယ်။ နားရှုပ်သွားပြီလားမသိဘူး။ တစ်ချိန်ထဲမှာ ကျနော်တို့က file
တစ်ခုကိုဒေါင်းလုပ်ဆွဲနေသလို အဲဒီ ဖိုင်ရဲ့ uploader လဲဖြစ်ပါတယ်။
ဖြစ်စဉ်ကဒီလိုပါ။ ကျနော်ကဖိုင်တစ်ခု ဥပမာ- သဇင်အပိုင်း-၃ အဲလေ
မှားကုန်ပြီ... Battlefield 3 ကို torrent creator ကနေ torrent file
အနေနဲ့ပြောင်းလိုက်တယ်။ ပြီးရင် www.thepiratebay.se ဆိုမျိုး torrent hosting site တစ်ခုခုမှာတင်လိုက်ပြီဆိုပါစို့။ အဲဒါကို လူ ၁၀ ယောက်က Bittorrent ဒါမှမဟုတ် utorrent
လိုမျိုး client တစ်ခုခုကနေတစ်ပြိုင်ထဲဒေါင်းလုပ်ဆွဲကြပြီ။
ကျနော်အပေါ်မှာပြောခဲ့ပါတယ် downloader တိုင်းဟာ source ဖြစ်ပါတယ်။
အဲဒါကြောင့် တစ်ယောက်က request လုပ်လိုက်တဲ့ file ကို server ကချက်ချင်း
response မလုပ်ပေးနိုင်ရင်တောင် တခြား source/downloader ၉ယောက်ထဲက
response ပြန်ပေးပါလိမ့်မယ်။ အဲဒါဆို server လဲ crash မဖြစ် ဒေါင်းရတာလဲ
ပိုအဆင်ပြေတာပေါ့။ ဒီမှာတစ်ခုမေးနိုင်ပါတယ်။ ကိုယ်ကဒေါင်းလုပ်လုပ်ချင်လို့
server သွားချိတ်တယ်.. အဲဒါတော့ဟုတ်ပြီ... ကျန်တဲ့လူကိုးယောက်က
ကိုယ့်ဆီကဘယ်လိုရသွားတာလဲ? ဒီလိုပါ။ Torrent ဒေါင်းလုပ်ဆွဲတဲ့ client
တိုင်းမှာ tracker ဆိုတဲ့ function ရှိပါတယ်။ သူကတစ်ချိန်ထဲမှာ ဒေါင်းနေတဲ့ source/downloader တွေကို လိုက်ချိတ်ပါတယ်။ အချိတ်ခံရတဲ့ computer ကို peer
လို့ခေါ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာတစ်ချိန်ထဲမှာ tracker ဖြစ်သလို peer
လဲဖြစ်ပါတယ်။ ကိုယ့်ဆီက torrent ကဒေါင်းနေတဲ့ ဖိုင်တွေကိုသူများယူနိုင်သလို
ကိုယ့်ဆီကလဲယူသွားမှာပါ။
Torrent တွေကို မြန်မာပြည်မှာ အသုံးနည်းပါတယ်။ ကွန်နက်ရှင်အရ source
တွေကိုလိုက်ချိတ်ဖို့တောင်မလွယ်ပါဘူး။ အဲ နောက်တစ်ခု torrent မှာမသိမဖြစ်
terms ၂ခုရှိပါတယ်။ seeder နဲ့ leecher
ပါ။ seeder က ကိုယ်ဒေါင်းပြီးသွားလို့ torrent file ကိုမဖျက်သေးဘဲ
နောက်ဒေါင်းလုပ်ဆွဲမယ့်သူတွေကို ဆက်ပီး provide လုပ်နေတဲ့သူတွေပါ။ leecher
ကတော့ လက်တလောဒေါင်းလုပ်ဆွဲသူများကိုဆိုလိုပါတယ်။ Torrent ကဒေါင်းဖို့ဆို
seeder တွေက leecher ထက်များမှ ဒေါင်းလို့ကောင်းပါတယ်။ မဟုတ်ရင် server
တစ်ခုထဲ သေအောင်ရုန်းရမှာပါ။ ကျနော်ကတော့ leecher ထက်တောင်ဆိုးပါတယ်။
ပြီးတာနဲ့ တန်းဖျက်ပစ်တာ..ဘာမှပြန် upload မလုပ်ဘူး... ဟီး... Torrent
နဲ့ပတ်သက်ပြီးတော့ဒါဟာ ကျနော်လေ့လာထားသမျှပြန်ရှဲတာပါ။
အခုလောက်ဆို Torrent တွေဘယ်လိုအလုပ်လုပ်ဆောင်လဲ ရှင်းလင်းကြမယ်ထင်ပါတယ်။
www.aungkyaw.com
မှပြန်လည်မျှဝေလိုက်သည်။ :P
No comments:
Post a Comment